ကြင်နာခြင်း Vs နာကျင်ခြင်း (နင့်အပေါ်)
*******************************
ကြင်နာခြင်း နဲ့ နာကျင်ခြင်း
ဘယ်လို အချိုးကျမှန်းတော့ ငါမသိခဲ့ဘူး
နင့်အပေါ် ငါ ကြင်နာခဲ့သလောက် ..
ငါ့အတွက် ဆို နင်ပေးတာတွေက
နာကျင်ခြင်းတွေ ချည်းပဲ... ။
ရေငွေ့တွေ ပိုက်ထားတာများလာရင်
တိမ်တွေတောင် ငိုချသေးတာပဲ...
နာကျင်ခြင်းတွေ များလာတော့
ငါလည်း မျက်ရည်နဲ့ အဖော်ပြုရတော့တာပေါ့ ...။
ကြင်နာတတ်လွန်းခဲ့လို့ပဲ
ငါ ... နာကျင်ရလွန်းတာလား...
နာကျင်မှုတွေ လျော့ပါးစေဖို့သက်သက်တော့
ကြင်နာခြင်းတွေ (နင့်အပေါ်)
လျှော့လိုက်ဖို့လည်း (ငါ့အတွက်) မဖြစ်နိုင်ဘူး ...။
အသားကျနေလို့လားတော့ မသိဘူး
နာကျင်ခြင်းတွေတောင်
ငါ့အတွက် ချိုမြိန်နေပြီပဲ...
ရိုးသားစွာဝန်ခံရရင်
နင့်ဆီက အကြင်နာတွေ လိုချင်ခဲ့ပေမယ့်
ငါ... နင်ပေးတဲ့ နာကျင်ခြင်းတွေကိုတောင်
ခုံမင်တတ်နေပါပြီဟာ .... ။
လင်းယုန်ဖြူလေး
https://www.facebook.com/linnyonephyulay
ကြင်နာခြင်း နဲ့ နာကျင်ခြင်း
ဘယ်လို အချိုးကျမှန်းတော့ ငါမသိခဲ့ဘူး
နင့်အပေါ် ငါ ကြင်နာခဲ့သလောက် ..
ငါ့အတွက် ဆို နင်ပေးတာတွေက
နာကျင်ခြင်းတွေ ချည်းပဲ... ။
ရေငွေ့တွေ ပိုက်ထားတာများလာရင်
တိမ်တွေတောင် ငိုချသေးတာပဲ...
နာကျင်ခြင်းတွေ များလာတော့
ငါလည်း မျက်ရည်နဲ့ အဖော်ပြုရတော့တာပေါ့ ...။
ကြင်နာတတ်လွန်းခဲ့လို့ပဲ
ငါ ... နာကျင်ရလွန်းတာလား...
နာကျင်မှုတွေ လျော့ပါးစေဖို့သက်သက်တော့
ကြင်နာခြင်းတွေ (နင့်အပေါ်)
လျှော့လိုက်ဖို့လည်း (ငါ့အတွက်) မဖြစ်နိုင်ဘူး ...။
အသားကျနေလို့လားတော့ မသိဘူး
နာကျင်ခြင်းတွေတောင်
ငါ့အတွက် ချိုမြိန်နေပြီပဲ...
ရိုးသားစွာဝန်ခံရရင်
နင့်ဆီက အကြင်နာတွေ လိုချင်ခဲ့ပေမယ့်
ငါ... နင်ပေးတဲ့ နာကျင်ခြင်းတွေကိုတောင်
ခုံမင်တတ်နေပါပြီဟာ .... ။
လင်းယုန်ဖြူလေး
https://www.facebook.com/linnyonephyulay
HALO မဂ္ဂဇင်း စက်တင်ဘာ 2014 ပါ ကဗျာလေးပါ
No comments:
Post a Comment