Friday, March 20, 2015

ပို ခံစားလိုက်ပါ့မယ်

ပို ခံစားလိုက်ပါ့မယ်
**************
နင် က ထွက်ခွါတော့မယ်..
ခေါင်းစဉ်က .. ဘ၀ တိုးတက်ရေး တဲ့..
ငါ ဘယ်လို တားဆီးနိုင်မှာလဲ..
နင့်အတွက် ငါဟာ ခလုတ်တခု မဖြစ်ချင်တဲ့သူ....။
ငါ နင့်ကို မခွဲနိုင်ဘူးလို့ ပြောတော့ .. ပိုတယ်တဲ့..
အေးလေ နင်မှ..
ငါ့သံယောဇဉ် အတိမ်အနက်ကို ..
မြင်အောင်မှ မကြည့်ခဲ့ပဲ .. ။

ထားပါ
နင်တောင် ထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီပဲ..
သွားသာ သွားပါ ..
ကျန်ခဲ့မယ့်သူက ငါပါ ..
ငါပဲ .. ပို ခံစားလိုက်ပါ့မယ်...။
လင်းယုန်ဖြူလေး

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...