Tuesday, March 17, 2015

ကဗျာ

ကဗျာ….. သိပ်အလင်္ကာဆန်တာပါပဲလား..
ကဗျာ… ဘယ်လိုဖွဲ့သီရမလဲမသိခဲ့ချိန်တည်းက
ကဗျာကို ခံစားတတ်ခဲ့ဖူးတယ်…
ကဗျာကြောင့် အပြုံးတွေ ပီပြင်လာခဲ့တယ်..
ကဗျာကြောင့် အလွမ်းတွေ ပိုသိပ်သည်းတယ်..
ကဗျာကြောင့် ငြိမ်းချမ်းဖူးရဲ့
ကဗျာကြောင့် သွေးဆူဖူးရဲ့
ကဗျာကြောင့် တက်ကြွဖူးရဲ့
ကဗျာကြောင့် ဆွေးမြေ့ဖူးရဲ့
ကဗျာကြောင့် အချစ်တွေမွေးဖွားနိုင်သလို
ကဗျာကြောင့် အမုန်းတွေလဲ ပွါးစေနိုင်ရဲ့လေ..
သိပ်စွမ်းအားကြီးလှပါရဲ့ ကဗျာရယ်…
ထို့ကြောင့် သင့်အား ဂုဏ်ပြုရန်
ကျန်ုပ် ကဗျာတစ်ပုဒ်ဖွဲ့ရန် ကြိုးစား၏….
သို့သော် အစ မသိ …. အဆုံးကား မရှိ………..။   

လင်းယုန်ဖြူလေး



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...