ပင်လယ်ပြာမှ
ချစ်သူထံ
*****************
တားခွင့်မရလိုက်ပဲ
နင်က .. ပင်လယ်ထဲကိုသွားတယ်..
ကျန်နေခဲ့တဲ့
ငါ့မှာတော့ …
ဒီရေတွေ တက်တယ်ကြားတိုင်း
ငါ့ စိုးရိမ်စိတ်က
စိုးရိမ်ရေမှတ်ကျော်တယ်
အရင်က မဆိုင်သလိုရှိခဲ့ပေမယ့်
ခုဆို ..
ရာသီဥတုတွေကို နားစွင့်နေတတ်ပြီး
ပင်လယ်ကြီးအတွက်
ဆုတောင်းတတ်လာပြီ ..
ပျံလွှားငှက်တွေလဲ
နိမ့်နိမ့်မပျံစေဖို့ ..
မိုးတိမ်တောင်တွေ
မညို့ဖို့ ..
လေပြေတွေ
(အမြဲ) ညင်သာပါစေကြောင်း..
အထူးသဖြင့်
(နင်) .. ကျန်းမာပါစေကြောင်း
ဆုတောင်းစကားတွေ
ဘုရားရှင်ထံမှာချွေလို့
ဒီ တစ်ကြိမ်
ကမ်းပေါ်မှာ နင်နဲ့ အတူ လမ်းလျှောက်ခွင့်ပြန်ရရင်
နင့်လက်ကို
မလွှတ်ဘူး
နောက်ထပ်
ပင်လယ်ထဲကို ပေးမလွှတ်တော့ဘူး
ငါ … နင့်ကို
ဆုံးရှုံးရမှာ ကြောက်လို့ပါ … ။
လင်းယုန်ဖြူလေး
(25.07.2014)
HALO မဂ္ဂဇင်းမှာပါတဲ့ ကဗျာလေးပါ
No comments:
Post a Comment