Monday, May 11, 2015

လွမ်းတယ်မေမေ

အတောင်စုံရင် ပျံကြ စမြဲဆိုပေမယ့်

မေမေနဲ့ အဝေးကြီးမှာ မပျံချင်ဘူးမေမေ

ပျံသန်းရတာ မောပန်းတိုင်း နားခိုစရာ ရင်ခွင် ဒီမှာ ရှိမနေဘူး မေမေ

အသိုက်အမြုံတစ်ခုဆိုလည်း အမေ့ရင်ခွင်မှရှိမနေတာ အိမ်လို့ မမည်ပေဘူး မေမေ

ဘဝတစ်ခုအတွက်ပျံသန်းရင်း

နေညိုချိန်တိုင်းမှာ ရောင်စုံမြို့ပြကောင်းကင်ပေါ်

လမ်းပျောက်တဲ့ငှက်လို

ပျံရင်း ပျံရင်း . . .

လွမ်းရင်း လွမ်းရင်း

လွမ်းတယ်မေမေ cry emoticon

လင်းယုန်ဖြူလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...