Tuesday, March 17, 2015

အရောင်ဆိုးခံရခြင်းမှ ကင်းပါရစေ

အရောင်ဆိုးခံရခြင်းမှ ကင်းပါရစေ
*******************************


တစိမ်းတွေ ကြားမှာ ပင်ပန်းတယ်ဗျာ..

အပြုံးတုတွေ အမုန်းထု တွေနဲ့  ပါတ်ဝန်းကျင်ကြီး

ကျောခိုင်း ပစ်လိုက်ချင်ရဲ့ ....

ဘွဲ့တွေ ... ဂုဏ်ဒြပ်တွေ ... ပညာရပ်တွေ အားလုံးခွါချပြီး

အမေ့ရင်ခွင်ထဲက ငပျင်းမလေးပဲ လုပ်နေလိုက်ချင်တယ်...။

လောကကြီးရယ် ခင်ဗျားလည်း ကျုပ်ကို ဘာလိုအပ်လဲ

အစထဲက ကျုပ်ကို မပေါက်ဖွါးပေးခဲ့ရင်ပြီးရောဗျာ

ဆန်ကုန်ပြီး မြေလေးမယ် ~ ခင်ဗျားပေါ်တောင် အညစ်အကျေး စွန့်ချမယ်

ဒါနဲ့များ ကျုပ်ကိုထမ်းထားနေသေးလား?

အင်းလေ တချိန်ကျ ခင်ဗျားပဲဝါးမြိုအုံးမှာပါ ~~

ဒါ သဘာဝကျပါတယ် ..

ရယူချင်လို့ ပေးချင်ယောင်ဆောင်နေတဲ့ အသိုင်းအ၀ိုင်းကြားထဲ

ကျုပ်အပြုံးတွေ မလတ်ဆတ်တော့ဘူး

စိတ်ထားတွေ ဖြူစင်မှုလျော့လျဲချင်သလိုနဲ့

ဒေါသနဲနဲ ကြီးလာပီ ...

ကဲကဲ ပြင်ထားပေးလိုက်တော့ ဦးမြေကြီးရေ.....

ကျုပ်အတွက် ၆ပေ မလိုပါဘူး ကျုပ်အရပ်က ပုတယ်

 မြက်ခင်းတွေပဲပေးရှင်ခိုင်းလိုက်ပါ

သူကမှ စိမ်းလန်းခြင်းကို ပေးနိုင်လိမ့်အုံးမယ်... ။    ။


လင်းယုန်ဖြူလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...